မိနစ်(၃၀) အချိန်ပေးရင်သူဌေးဖြစ်နိုင်တဲ့ Side လေးပါ

Saturday, May 25, 2013

အခုမှမဟုတ်တာ

လွမ်းတယ်ဆိုတဲ့...စကားတစ်ခွန်း...
ငါ့နှုတ်ခမ်းက ရွတ်ဆိုတာကြာခဲ့ပြီ...

သတိရတယ်ဆိုတဲ့...စကားတစ်ခွန်း
ငါ့ဦးနှောက်မှာ စွဲမြဲနေတာကြာခဲ့ပြီ...

ချစ်တယ် ဆိုတဲ့သတ်မှတ်ချက်တစ်ခု
ငါ့နှလုံးသားမှာ ကိန်းအောင်းနေတာ ကြာခဲ့ပြီ...

တွေ့ဆုံခြင်းဆိုတဲ့ ဆုံဆည်းမှုတစ်ခု
ငါ့ဘ၀မှာ တောင့်တနေတာ ကြာခဲ့ပြီ...

ချစ်သူ....
ဒါတွေ မင်းမသိ...
ငါ့အနားမှာ မင်းမရှိလို့

မီးကိုတိုးမိတဲ့ ပိုးဖလံလို 
ပူလောက်မှုကို အံတုကာ
မင်းကို........
ကြိုလင့်နေမယ်.....

No comments: