မိနစ်(၃၀) အချိန်ပေးရင်သူဌေးဖြစ်နိုင်တဲ့ Side လေးပါ

Saturday, May 25, 2013

အခုမှမဟုတ်တာ

လွမ်းတယ်ဆိုတဲ့...စကားတစ်ခွန်း...
ငါ့နှုတ်ခမ်းက ရွတ်ဆိုတာကြာခဲ့ပြီ...

သတိရတယ်ဆိုတဲ့...စကားတစ်ခွန်း
ငါ့ဦးနှောက်မှာ စွဲမြဲနေတာကြာခဲ့ပြီ...

ချစ်တယ် ဆိုတဲ့သတ်မှတ်ချက်တစ်ခု
ငါ့နှလုံးသားမှာ ကိန်းအောင်းနေတာ ကြာခဲ့ပြီ...

တွေ့ဆုံခြင်းဆိုတဲ့ ဆုံဆည်းမှုတစ်ခု
ငါ့ဘ၀မှာ တောင့်တနေတာ ကြာခဲ့ပြီ...

ချစ်သူ....
ဒါတွေ မင်းမသိ...
ငါ့အနားမှာ မင်းမရှိလို့

မီးကိုတိုးမိတဲ့ ပိုးဖလံလို 
ပူလောက်မှုကို အံတုကာ
မင်းကို........
ကြိုလင့်နေမယ်.....

Thursday, May 16, 2013

အတွေးနယ်ပယ်

ဘယ်နေရာကိုပဲ ကြည့်ကြည့်

မြင်နေရတဲ့ မင်းပုံရိပ်တွေ


ညစဉ်....... 

အိပ်မက်ထဲမှာ အမြဲတွေ့နေရတဲ့

မင်းရဲ့ပုံရိပ်လေး....


နေရာတိုင်းမှာ.....

ကြားနေရတဲ့ မင်းရဲ့အသံချိုချိုလေး.....


ကိုယ်....ဘာကိုပဲလုပ်လုပ်

မင်းကိုပဲ သတိရနေတော့


ကိုယ့်နှလုံးသားကို  အကြိမ်ကြိမ် အခါခါ 

ပြန်ဆန်းစစ်ရင်း

လုံလောက်အောင်ရလာတဲ့အဖြေက


မင်း.............................ကို


သိပ်ချစ်မိနေတယ်တဲ့......


Saturday, May 11, 2013

ခွေ့းကိုက်ခံရခြင်း

အပြုံးတစ်ချက်နဲ့ မဲ့ပြတဲ့

ရူံ့ မဲ့မဲ့ နူတ်ခမ်းပါးရယ်........

ရူန်းမရအောင်ချည်နောင်ပြီး

သုံးမရတော့ထားခဲတယ်........

အရူံးအမြတ်တွက်ပြီး မင်းချစ်ခဲ့တော့

အပြုံးတစ်ချက်နဲ့နတ်ဆက်ခဲ့ပေါ့....

အဆုံးအစမဲ့ချစ်ခဲ့တော့

အသည်းကွဲလဲပြစ်မတင်ရော့။

မျက်ရည်နဲ့ရေးတဲ့ကဗျာ

နှလုံးသားတစ်နေရာကို အပိုင်ယူထားတဲ့
မေ့ဖို့ခက်တဲ့သူငယ်ချင်းတို့ရေ.........
ရှေးဘ၀ရဲ့ ရေစက်တွေကြောင့်ဆုံတွေ့ခဲ့ ရပေမဲ့
ကုသိုလ်ကံတွေကြောင့်ခွဲခွာနေခဲ့ရတယ်.......
နလုံးသားက ညည်းတိုးနေတဲ့ဒီအသံတွေက
မေ့မရနိုင်တဲ့အတိတ်ပုံရိပ်ကိုပဲ တမ်းတနေမိခဲ့တယ်......
အတိတ်ကိုတွေးတိုင်းထင်ဟပ်နေတဲ့မင်းတို့ပုံရိပ်တွေက
ငါ့ရင်တစ်ခုလုံးကို ဗျောင်းဆန်ခဲ့ရတယ်.........
ငါတို့ ခွဲခွာခဲ့ရတဲ့ အချိန်မှာအပြုံးကိုယ်စီလက်တွဲထားပေမယ့်
နှလုံးသားတွေကသွေးမရှိလောက်အောင်
ငိုကြွေးနေတာငါတို့အသိဆုံးပါကွာ။.........
သူငယ်ချင်းတို့ရေ.........
အခန်းတွေပျက်နေတဲ့ငါ့နှလုံးသားကို မင်းတို့ ဝင်ကြည့်ခဲ့မယ်ဆိုရင်လေ...ူ
ဖြူုစင်တဲသူငယ်ချင်းစိတ်က
ဘယ်လောက်ထိနက်ရှိုင်းသလဲဆိုတာ
သိလာပါလိမ့်မယ်.....