မိနစ်(၃၀) အချိန်ပေးရင်သူဌေးဖြစ်နိုင်တဲ့ Side လေးပါ

Sunday, May 10, 2009

ချယ်ရီဝေ ချစ်အိမ်မက်

မြင်တာကြာရင် မေ့တတ်သတဲ့
အကြင်နာမမှန်သူတွေဖိုစကာလိုထင်တယ်။
ရင်မှာအမှန်ချစ်မိတဲ့ ငါအတွက်တော့
တစ်တရံတခါမှ နင့်ကို
မမေ့ခဲ့ဘူးချစ်သူ
အလွမ်းတွေရဲ့ ရင်ခုန်သံတွေကို
အတိတ်ရဲ့ စာသင်ခုံတန်းလေးဆီမှာ
ပုံဖမ်းကာ ပြန်လည်တန်းတနေရင်
လွမ်းရတဲ့ ဖုန်းသံလေးကြားရဖို့ကိုပဲ
(အချိန်တိုင်း) စောင့်မျှော်နေမိတယ်
တောင်ပေါ်မှာ ချယ်ရီတွေဝေနေပြီ
ဘယ်ပန်းချီေ၇းလို့မှီနိုင်မလဲ
တစ်နယ်စီ ဝေးနေတဲ့ချစ်ရသူသာ
အနားမှာ အတူရှိနေမယ်ဆို
ဒီလူမှာ အနှိုင်းမဲ့ပျော်နေမိမှာ
ဒီကဗျာ လေးထဲကနေပဲ
ပြောလိုက်ပါရစေကွယ်။

တစ်ယောက်ထဲသောချစ်သူ။

စိတ်ညစ်စရာတွေနဲ့
ဒု့က္ခတွေ ကြုံတွေ့လာတဲ့အခါ
ငါသတိရတာ
မင်းတစ်ယောက်ထဲပါ။

Friday, May 1, 2009

Stop The Car..

Rocker ပုံပြင်
Punk သံစဉ်နှင့်
သီချင်းလေးညည်း
စီးကရက်လေးဖွာ လာနေလိုက်တာ
မီးပွိုင့်ကိုတောင် မမြင်မိ။

အပေါ်ဖြူ ၊ အောက်ပြာ ခမောက်ပါ
ဝီစီလေးမှုတ် လျှာလေးထုပ်
ခဏပြပါ လိုင်စင်ဟာ
မေ့ကျန်လာခဲတာ၊
ဒါဆိုခဏထွက်
မှိုင်နူန်းစစ်မယ်တဲ့
၁နာရီမှိုင်၃၀ကျော်လို့နေတဲအခါ
ဘာတစ်ခုမှ အသုံးမကျတာ
သိမ်းထားမယ်တဲ့ဗျာ။

ဒူးလေးထောက်ခါ တောင်းပန်ရာ
အနည်းငယ်ခွင့်လွတ်ခါ
ဝမ်းနည်းစွာနဲ့ငိုပြတော့
ဒဏ်တော့ရိုက်မယ်ပေါ့။

မင်းကိုမို့လို့ လွတ်ပေးတာ
ငွေရပြီးတဲ့ခါ၊ နှောက်ဆို၇င်
သေချာမှတ် ၊် မီးပွိင့်မှာဆို
ကားကိုရပ်။............။

အသက်ကယ်ဆေး။။

ဘ၀တိုက်ပွဲအတွက်
မောပန်းနေသူကို
ရေတစ်ခွက်လောက်
ကမ်းလှဲ့ပါ
ချစ်သူ။။။။။။။။။။။