မိနစ်(၃၀) အချိန်ပေးရင်သူဌေးဖြစ်နိုင်တဲ့ Side လေးပါ

Sunday, May 10, 2009

ချယ်ရီဝေ ချစ်အိမ်မက်

မြင်တာကြာရင် မေ့တတ်သတဲ့
အကြင်နာမမှန်သူတွေဖိုစကာလိုထင်တယ်။
ရင်မှာအမှန်ချစ်မိတဲ့ ငါအတွက်တော့
တစ်တရံတခါမှ နင့်ကို
မမေ့ခဲ့ဘူးချစ်သူ
အလွမ်းတွေရဲ့ ရင်ခုန်သံတွေကို
အတိတ်ရဲ့ စာသင်ခုံတန်းလေးဆီမှာ
ပုံဖမ်းကာ ပြန်လည်တန်းတနေရင်
လွမ်းရတဲ့ ဖုန်းသံလေးကြားရဖို့ကိုပဲ
(အချိန်တိုင်း) စောင့်မျှော်နေမိတယ်
တောင်ပေါ်မှာ ချယ်ရီတွေဝေနေပြီ
ဘယ်ပန်းချီေ၇းလို့မှီနိုင်မလဲ
တစ်နယ်စီ ဝေးနေတဲ့ချစ်ရသူသာ
အနားမှာ အတူရှိနေမယ်ဆို
ဒီလူမှာ အနှိုင်းမဲ့ပျော်နေမိမှာ
ဒီကဗျာ လေးထဲကနေပဲ
ပြောလိုက်ပါရစေကွယ်။

No comments: